“o” တို့၏ လူနေမှု အဆင့်အတန်းမြင့်မာလာမှု

11175024_834524416627759_6969398432383446638_n

လွန်ခဲ့သည့် ၄၅ နှစ်ကျော်က “ဝ” တောင်တန်း ဒေသတွေကနေ မေမြို့ (ပြင်ဦးလွင်) သို့ ကျောင်းသွားတက်ခဲ့သည့် “ဝ” တိုင်းရင်းသားလေးကို သူငယ်ချင်း များက “မင်းတို့က ခေါင်းဖြတ်တဲ့လူတွေ၊ လူသားစားတဲ့သူတွေ” ဆိုပြီး ဖယ်ကြဉ် ခံခဲ့ရသည့် သူ့ဘဝအစိတ်အပိုင်းကို ဒီကနေ့ထိမမေ့နိုင်။  မိဘက အမြတ်တနိုး ပေးထားသည့် ဆမ်ခွန်းဆိုသည့် နာမည်ကို မခေါ်ဘဲ “ဝလေး၊ ဝလေး” လို့ ခေါ်ပြီး ရွယ်တူ ကျောင်းသူ/သားများက အထူးတဆန်းလာလာ ကြည့်ခဲ့သည်တို့ကို သတိရနေဆဲဖြစ်သည်။

ရွယ်တူကျောင်းသားများက သူ့ကို ကစားဖို့ မခေါ်ဘဲ စနောက်ခံရလွန်းသည့် ဆမ်ခွန်းက          “ခေါင်းဖြတ်တယ်၊ လူသားစားတယ်လို့ ဝိုင်းစလွန်းလို့ တနေ့ ဂေါ်ရခါးဓားကောက်ကြီးကိုင်ပြီး စပြီဆိုတာနဲ့ နင်တို့အသားကို ငါတကယ်စားမှာနော် ခုတ်လိုက် မယ်လုပ်တော့ နောက်မစရဲကြတော့ဘူး” ဟု ၄၅ နှစ်ကျော်က အမှတ်တရတချို့ကို ဦးဆမ်ခွန်းက ပြန်ပြောင်းပြောပြသည်။

Continue reading

Advertisements
By arrjai

ရှမ်းပြည်နယ် အတွင်း လက်နက်ကိုင်တပ်ဖွဲ့ များ ပေါ်ပေါက်လာပုံ

ဘိန်းဘုရင် ခွန်ဆာ ( လွယ်မော်)

ဘိန်းဘုရင် ခွန်ဆာ ( လွယ်မော်)

ရှမ်းပြည်နယ်သို့ ရောက်သွားသည့် ခရီးသည် တိုင်းဒေသခံ လက်နက်ကိုင်အဖွဲ့များ အမြောက်အမြား ရှိနေခြင်း၊ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တောင်ဘက်ပိုင်းရှိ ထိုင်းနိုင်ငံ နယ်စပ်အနီးတွင် ၎င်းတို့ လှုပ်ရှားနေကြခြင်းကို သတိမထားမိဘဲ နေနိုင်ကြမည် မဟုတ်ပါ။ သူတို့က သေနတ်များ ကိုင်ဆောင်ထားကြပြီး သူတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်များလည်း တပ်ဆင်ထားကြသည်။ ဓာတ်ဆီဆိုင်များနှင့် စီးပွားဖြစ် သီးနှံများ စိုက်ပျိုးခြင်းမှသည် မက်သဖက်တမင်းနှင့် တခြား မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်းအထိ လုပ်ကိုင်နေကြ၏။

Continue reading

By arrjai

“o” တို့ ၏ နောက်ခံသမိုင်း အကျဉ်းချူ ပ်

_B_iuuqt__T__T_tdpoufou-b.yy.gcdeo.ofu_T_iqipupt-yqg1_T_u31.0-8_T_1504471_1439570722953007_2292972453242515749_p_TVS__E_

 

“၀”တို့၏ ဒဏ္ဍာရီအရ ၎င်းတို့၏ မူလပေါက်ဖွားရာနေရာမှာ “နောင်ချို”ရေကန်ဖြစ်သည်။ သစ်တောကြီးများ ၏ အလယ်တွင် မိုးတိမ်များဖြင့် အုံ့ဆိုင်းနေသော မည်သည့် သက်ရှိသတ္တ၀ါမှ မနေရဲသာ ဤရေကန်ကြီး သည် နက်ရှိုင်း၍ အလွန်အေးမြသောကြောင့် ငါးများပင် အသက်ရှင်၍ မနေနိုင်၊ ရေကန်၏ လေးဘက် ထောင့်စွန်း ထောင့်တခုစီမှ ကျောက်ဆောင်ကြီး ၄ ခုသည် ကျောက်တောင်များ အဖြစ် တိုးထွက်လာပြီး၊ ယင်း “နောင်ချို” ကန်၏ ရေမှ ကမ္ဘာ့မြစ်ကြီးများကို ဖြစ်ပေါ်စေသည် ဟု ဆိုသည်။

“၀” လူမျိုးတို့သည် နောင်ချို ကန်၏ ရေမှ ပေါက်ဖွားလာကြခြင်း ဖြစ်ပြီး မနုဿလူသားများ ဖြစ်လာသော အခါ အလွန်ကြီးမား၍ မဲမှောင်သော “ပတ်ကတေ့” လှိုင်ဂူကြီး အတွင်း၌ နေထိုင်ကြသည်။ ထိုမှ မုဆိုးပညာ၊ လူခေါင်းဖြတ်သည့် လျှို့ဝှက်ချက်များကို သိလာပြီး လူဦးရေမှာလည်း များစွာတိုးပွားလာသည်ဟု ဆိုပါသည်။

Continue reading

By arrjai

ယူကေအစိုးရမှ တိုက်ရိုက် ချီးမြှင့်ပေးမည့် မဟာဘွဲ့နှင့် Bachelor ဘွဲ့များကို သင်ယူနိုင် မည့် ကောလိပ်ကို ပြည်တွင်း၌ ဖွင့်လှစ်မည် –

  • ယူကေအစိုးရမှ တိုက်ရိုက်ချီးမြှင့်ပေးမည့် ဟာဘွဲ့နှင့် Bachelor ဘွဲ့များကို သင်ယူနိုင်မည့် Myanmar Metropolitan College ကို ပြည်တွင်း၌ မကြာမီ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

     

    အဆိုပါ ကောလိပ်ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကောလိပ် ဖွင့်လှစ်ပြီး အချိန်ကာလများတွင်လည်း တက္ကသိုလ်အဆင့် ဖြစ်အောင်ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရ သည်။ Continue reading

By arrjai

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဘာသာရပ်များကို လူငယ်များ စိတ်ဝင်စားမှုပိုရှိလာ

 

အလုပ်အကိုင်အခွင့်အလမ်း များလာသဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဘာသာရပ်များကို လူငယ်များ စိတ်ဝင်စားမှုပိုရှိလာသည်ဟု သိရသည်။ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွားများ ၀င်ရောက်မှု များပြားလာသဖြင့် ဟိုတယ်လုပ်ငန်းနှင့် ခရီးသွားဧည့်လမ်းညွှန် လုပ်ငန်းများတွင် လုပ်သားလိုအပ်ချက်များ များလာလျက်ရှိသည်ဟု သိရသည်။ Continue reading
By arrjai

တင်ဒါခေါ်ယူ ရွေးချယ်မည့် သီးခြားအော်ပရေတာ ကုမ္ပဏီနှစ်ခု ၂၀၁၆ အထိ မိုဘိုင်းဖုန်းလိုင်း ၇ ဒသမ ၅ သန်းစီ တိုးချဲ့တပ်ဆင်ခွင့်ရမည်

 

ဆက်သွယ်ရေး ၀န်ဆောင်မှုကို ကုမ္ပဏီလေးခုက ယှဉ်ပြိုင်ဆောင်ရွက်တော့မည်ဖြစ်ရာ လက်ရှိတင်ဒါခေါ်ယူ ရွေးချယ်တော့မည့် သီးခြားအော်ပရေတာ ကုမ္ပဏီနှစ်ခုအနေဖြင့် ၂၀၁၅-၂၀၁၆ အထိ မိုဘိုင်း တယ်လီဖုန်းလိုင်းအင်အား ၇ ဒသမ ၅သန်းစီ တိုးချဲ့တပ်ဆင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ Continue reading

By arrjai

မြန်မာနိုင်ငံကို မုန်းကုန်ကြပြီးလော

 
နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန် မာနိုင်ငံ သားများ၏ မုန်းတီးစိတ် ကိုပိုဖြစ်ပေါ်နို င်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ Continue reading
By arrjai

လိုင်ဇာသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ် တရုတ်နိုင်ငံသို့ ကျရောက်ပေါက်ကွဲ

ဒီဇင်ဘာ (၃၀) ရက်နေ့ ညနေပိုင်း (၅း၁၅) နာရီခန့်တွင် ကေအိုင်အို ဗဟိုဌာန ဖြစ်သော လိုင်ဇာမြို့ ပေါ်သို့ ဗမာအစိုးရ စစ်တိုက်လေယာဉ်မှ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Continue reading
By arrjai

နားလုံ နှင့် လဂျားယန်တွင် တိုက်ပွဲ ပြင်းထန်

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်း နားလုံ ကျေးရွားနှင့် လဂျားယန်ကျေးရွာကြားတွင် ကေအိုင်အေ အထူးတပ်ဖွဲ့ဝင်များနှင့် ဗမာအစိုးရ စစ်တပ် အင်အား (၄၀၀) ကျော်တို့ ဒီဇင်ဘာ (၂၈) ရက် ညနေပိုင်း (၅း၀၀) နာရီအချိန်မှ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ Continue reading

By arrjai

ဗမာစစ်အစိုးရ နှင့် ကေအိုင်အေ စစ်ပွဲများပြင်းထန်ဆဲ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား – ဗန်းမော်လမ်း နားလုံ၊ ခရာ နှင့် ဘွမ်ရယ် တစ်လျှောက် ဒီဇင်ဘာ (၂၉) ရက်နေ့ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ Continue reading
By arrjai